ငွေပြန်အမ်းခြင်း မူဝါဒ

Mobile top-up၊ Game top-up နှင့် digital products

ငွေပြန်အမ်းနိုင်သည့် အခြေအနေ

ငွေလက်ခံရရှိကြောင်း အတည်ပြုပြီး ပစ္စည်းကို မပို့ဆောင်နိုင်ကြောင်း စစ်ဆေးအတည်ပြုနိုင်ပါက သက်ဆိုင်ရာပမာဏကို DigiZay Wallet ထဲ ပြန်အမ်းပေးပါမည်။ Processing သို့မဟုတ် စစ်ဆေးဆဲ status တစ်ခုတည်းဖြင့် မအောင်မြင်ဟု မသတ်မှတ်ပါ။

Mobile top-up — Mytel၊ ATOM၊ U9

  • ဝယ်ယူမည့် operator၊ package နှင့် ဖုန်းနံပါတ်ကို ငွေမချေမီ သေချာစစ်ပါ။
  • သင်မှားဖြည့်ထားသော ဖုန်းနံပါတ်ထဲသို့ package / bill အောင်မြင်စွာ ဖြည့်ပြီးပါက refund၊ နံပါတ်ပြောင်းခြင်း သို့မဟုတ် အခြားနံပါတ်ထဲ ထပ်ဖြည့်ခြင်း မပေးနိုင်ပါ။
  • Delivered ဖြစ်သော်လည်း မတွေ့ပါက ဝယ်ယူချိန်ဖြည့်ထားသော နံပါတ်၏ balance / package ကို စစ်ပြီး order code နှင့်အတူ ဆက်သွယ်ပါ။ ပို့ဆောင်မှုမှတ်တမ်းကို ပြန်စစ်ပေးပါမည်။

Game top-up နှင့် Telegram

  • Game ID၊ Server / Zone ID၊ region၊ Telegram username နှင့် package ကို Confirm မလုပ်မီ သေချာစစ်ပါ။ Name check ရှိလျှင် ပြန်ပေါ်လာသောနာမည်ကိုပါ စစ်ပါ။
  • မှားဖြည့်ထားသော အကောင့်၊ server၊ region သို့မဟုတ် username ထံသို့ အောင်မြင်စွာ ပို့ပြီးသော game currency၊ pass၊ Stars၊ Premium ကို refund သို့မဟုတ် အကောင့်ပြောင်းပေးခြင်း မပြုလုပ်နိုင်ပါ။
  • ပို့ဆောင်ခြင်း မစတင်သေးမီ အချက်အလက်မှားကြောင်း သိရှိပါက ချက်ချင်းဆက်သွယ်ပါ။ ပြင်နိုင်ခြင်း သို့မဟုတ် ပယ်ဖျက်နိုင်ခြင်းကို လက်ရှိ order အခြေအနေပေါ်မူတည်၍ စစ်ဆေးပေးပါမည်။

Digital key / account / gift card

ပို့ဆောင်ပြီးသော key၊ account သို့မဟုတ် gift card code များကို စိတ်ပြောင်းခြင်း၊ မှားယွင်းရွေးဝယ်ခြင်းကြောင့် refund မပေးနိုင်ပါ။ အသုံးပြုမရသော ပြဿနာရှိပါက product description ထဲရှိ သက်ဆိုင်ရာ warranty / support စည်းကမ်းအတိုင်း စစ်ဆေးပေးပါမည်။

စစ်ဆေးဆဲ အော်ဒါနှင့် ပြန်အမ်းသည့်နည်း

  • Processing / pending ဖြစ်နေစဉ် ငွေထပ်မချေပါနှင့်၊ တူညီသော order ကို ထပ်မဝယ်ပါနှင့်။ Status နှင့် ပို့ဆောင်မှုအထောက်အထားကို အရင်စစ်ဆေးရပါမည်။
  • အတည်ပြုပြီးသော refund ကို DigiZay Wallet ထဲ တစ်ကြိမ်သာ ပြန်အမ်းပါမည်။ ဘဏ်အကောင့်သို့ ပြန်လွှဲပေးခြင်း မရှိပါ။
  • ငွေလွှဲပြီးသော်လည်း order ပိတ်သွားခြင်း၊ order မရှိခြင်းတို့အတွက် လွှဲငွေမှတ်တမ်းကို စစ်ဆေးပြီး အသုံးမပြုရသေးသော ငွေကိုသာ ဖြေရှင်းပေးပါမည်။

အကူအညီလိုပါက order code နှင့် သက်ဆိုင်ရာအထောက်အထားကို Contact မှ ဆက်သွယ်ပေးပါ။ စကားဝှက်၊ PIN နှင့် OTP မပို့ပါနှင့်။

နောက်ဆုံး ပြင်ဆင်သည့်ရက် — ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၉ ရက်

ပစ္စည်းများ

✅

Cart ထဲထည့်ပြီးပါပြီ!