ကိုယ်ရေးအချက်အလက် မူဝါဒ

ဘာတွေ သိမ်းလဲ၊ ဘာအတွက် သုံးလဲ၊ ဘယ်သူတွေနဲ့ မျှဝေလဲ

ဘာတွေ စုဆောင်းလဲ

ဝန်ဆောင်မှုပေးဖို့ တကယ်လိုအပ်တာကိုပဲ သိမ်းပါတယ် —

ဘာတွေ မစုဆောင်းဘူးလဲ

ဘဏ်စကားဝှက်၊ card နံပါတ်၊ PIN တို့ကို ဘယ်တော့မှ မတောင်းပါ၊ မသိမ်းပါ။ ငွေလွှဲတာက သင့်ဘဏ်ရဲ့ app ထဲမှာပဲ ဖြစ်ပြီး DigiZay က transaction နံပါတ်ကိုပဲ မြင်ပါတယ်။

ဘယ်သူတွေနဲ့ မျှဝေလဲ

ဒါတွေကလွဲရင် သင့်အချက်အလက်ကို မရောင်းပါ၊ ကြော်ငြာအတွက် မပေးပါ

Cookie နဲ့ အသုံးပြုမှု စာရင်းအင်း

အကောင့်ဝင်ထားတာ မှတ်ထားဖို့ browser ရဲ့ localStorage ကို သုံးပါတယ် — ဒါက tracking cookie မဟုတ်ပါ။

ဘယ်စာမျက်နှာတွေ လူကြည့်များလဲ၊ ဘယ်ကနေ ရောက်လာလဲ သိရဖို့ Google Analytics ကို သုံးပါတယ်။ အဲဒါက browser တစ်ခုစီကို ကိုယ်စားပြုတဲ့ ကျပန်း ID တစ်ခု (cookie) ထားပြီး၊ IP လိပ်စာကို အပြည့်အစုံ မသိမ်းပါ။ သင့်နာမည်၊ ဖုန်းနံပါတ်၊ အော်ဒါ အသေးစိတ်တွေကို Google ဆီ မပို့ပါ။ ကြော်ငြာဆိုင်ရာ signal (ad_storage, ad_personalization) တွေကို ပိတ်ထားပါတယ် — ကျွန်ုပ်တို့ ကြော်ငြာ မလုပ်ပါ။

မလိုချင်ဘူးဆိုရင် browser ရဲ့ cookie ပိတ်ခြင်း၊ tracking ကာကွယ်မှု ဖွင့်ခြင်း၊ ဒါမှမဟုတ် Google ရဲ့ opt-out add-on နဲ့ ပိတ်လို့ရပါတယ်။

ဘယ်လောက်ကြာ သိမ်းလဲ

အော်ဒါနဲ့ ငွေချေမှု မှတ်တမ်းတွေကို စာရင်းကိုင်ရေးရာ လိုအပ်ချက်အတွက် သိမ်းထားပါတယ်။ Bot စကားဝိုင်းကို ကူညီမှုအတွက်သာ သိမ်းပြီး အကောင့်ဖျက်ခိုင်းရင် ဖျက်ပေးပါတယ်။

သင့်အခွင့်အရေး

သင့်အကြောင်း ဘာတွေ ရှိလဲ တောင်းကြည့်လို့ရပါတယ်၊ ဖျက်ခိုင်းလို့လည်း ရပါတယ် (ဥပဒေအရ သိမ်းရမယ့် ငွေချေမှတ်တမ်း မှလွဲ၍)။ @digizaybot မှာ ပြောလိုက်ပါ။

နောက်ဆုံး ပြင်ဆင်သည့်ရက် — ၂၀၂၆ ခုနှစ် သြဂုတ်လ ၂၁ ရက်

🔍

ဘယ်လိုဝယ်ရမလဲ?

၁။ ပစ္စည်းရွေးမယ်

ပစ္စည်းနှိပ်ပြီး ငွေချေနည်း ရွေးပါ

၂။ ငွေချေမယ်

QR scan / လွှဲပြီး အတည်ပြုပါ

၃။ Order စစ်မယ်

Profile → Orders (သို့) order code

💳 လက်ခံသော ငွေချေစနစ်များ

Promotion သတင်းများ အရင်ဆုံးရယူမယ် ✨

Telegram channel မှာ join ပြီး discount code တွေ လက်ဦးမှုရယူပါ

✈️ Channel Join မယ်

Cart ထဲထည့်ပြီးပါပြီ!